Wednesday, June 22, 2016

Please read first....

ကျွန်တော့်ရဲ့ဘလော့လေးကိုလာရောက်လည်ပတ်သူအပေါင်း
ကျန်းမာချမ်းသာကြပါစေလို့ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်။

သူငယ်ချင်းတို့မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတွေတော့ပိုင်ဆိုင်ထားကြမှာ
အသေအချာပါပဲ ။
အိုကေ....စွမ်းဆောင်ရည်မြင့်မားသလိုပါပဲ...ဖုန်းတွေဟာတစ်လုံးနဲ့တစ်လုံး
GPU အမျိုးအစားမတူကြပါဘူး...

What is GPU ????..
GPU ဆိုတာဘာလဲ....
Graphic  Processing Unit လို့အရှည်ကောက်မှတ်သားရပါတယ်...
GPU ကိုအလွယ်အဓိပ္ပါယ်ဖွင့်ရရင်တော့.. multiple CPU..
CPU တွေပေါင်းစုထားတာကိုဆိုလိုတာပါ......
ဖုန်းတွေရဲ့မော်ဒယ်အမျိုးအစား..ROM အမျိုးအစားပေါ်မူတည်ပြီး
GPU type လေးမျိုးရှိတယ်လို့ သိမှတ်ရပါတယ်.. ( ကျွန်တော်သိထားသလောက်ပါ )
အဲ့ဒါတွေကတော့...
(1) Adreno
(2) Mali
(3) Tegra and
(4) Power VR တို့ဖြစ်ပါတယ်။
Graphic Processing Unit ဆိုတဲ့အတိုင်းပါပဲ
ဂိမ်းအမြင့်တွေ...3D game တွေကစားတဲ့အခါမှာ..GPU ကအရေးကြီးတဲ့
နေရာတစ်ခုမှာပါဝင်လာပါပြီ ။

GPU နိမ့်ရင်ဘာဖြစ်နိုင်သလဲ.????
3D game တွေရဲ့ရုပ်ထွက်...အမြန်နှုန်း..စတာတွေမှာ..တိုင်ပတ်မှာပါ...
အောက်က photo ကို ကြည့်လိုက်ရင်နားလည်ကြမှာပါ...
Nvidia GPU နဲ့ ဥပမာပြထားတာပါ..


ကျွန်တော်အဓိကပြောချင်တဲ့အပိုင်းရောက်လာပါပြီ...
ကျွန်တော် တင်ပေးမဲ့ ဂိမ်း အများစုက..
GLU , EA , အစရှိတဲ့.. ဂိမ်းကုမ္ပဏီကြီးတွေက ဂိမ်းအမြင့်တွေများပါတယ်...
သူတို့ထုတ်တဲ့ ဂိမ်းတွေက...မိမိတို့ရဲ့ .. GPU အမျိုးအစားနဲ့ကိုက်ညီမှ
အဆင်ပြေပြေဆော့လို့ရပါတယ်... သူတို့ဂိမ်းထုတ်ရင်..
GPU လေးမျိုးအတွက်အမျိုးအစားလေးမျိုး ....
(ဥပမာ... Need for Speed, WWE Immortals )
ဒါမှမဟုတ်... for all type of GPU ဆိုပြီးလည်း
အကုန်လုံးနဲ့အဆင်ပြေစေမယ့် တစ်မျိုးတည်းသော်လည်းကောင်း
ထုတ်လုပ်ကြပါတယ်...

သူငယ်ချင်းတို့..ကျွန်တော့ရဲ့ ဒီ ဆိုဒ် လေးကနေဂိမ်းတွေဒေါင်းမယ်ဆိုရင်တော့..
ဘယ်လို GPU အမျိုးအစားအတွက် တင်ပေးထားလဲသတိထားကြည့်ပြီး
ဒေါင်းကြပါလို့ပန်ကြားအပ်ပါတယ်ခင်ဗျာ...

အိုကေ....ဆရာကြီးများအနေနဲ့ကတော့...
GPU အမျိုးအစားကို...phone setting ထဲဝင်ကြည့်ရုံနဲ့ခွဲခြားနိုင်ကြပါတယ်..
ကျွန်တော့လိုပေါက်စတွေအတွက်...GPU ခွဲခြားနိုင်မယ့်ကောင်လေးတင်ပေး
လိုက်ပါတယ်...လိုအပ်မယ်ထင်ရင်

  ဒီမှာဒေါင်းသွားပါ
.
အသုံးပြုနည်းကိုတော့အောက်က photo မှာ ပြထားပါတယ်...
အနီရောင်နဲ့ပြထားပါတယ်..


အိုကေ....မိမိတို့ဖုန်းရဲ့..GPU အမျိုးအစားကိုသိပြီဆိုရင်တော့
ကိုယ်နဲ့ကိုက်ညီမယ့် ဂိမ်း ကိုရွေးချယ် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ...

နောက်ဆုံးတစ်ချက်အနေနဲ့ပြောလိုတာကတော့....
ကျွန်တော်တင်ပေးတဲ့ ဂိမ်းတွေဟာ...Zip file နဲ့တင်ပေးတာများပါတယ်..
Zip file ဖြည်တဲ့ကောင်..ကောင်းကောင်းလေးတစ်ခုလောက်တော့ဆောင်ထားကြပေါ့နော်..
Zip file နဲ့တင်တဲ့အတွက်..သူငယ်ချင်းတို့ ဒေါင်းရတဲ့ဒေတာပမာဏနည်းပါးစေပါတယ်...
အကောင်းဆုံးကောင်လေးတင်ပေးထားပါတယ်..
လိုအပ်ရင်

 ဒီမှာ

 ယူသွားကြပါခင်ဗျာ...

သူငယ်ချင်းတို့ဒီဆိုဒ်လေးကနေဒေါင်းလုဒ်ဆွဲမယ်ဆို
site တစ်ခုကိုရောက်သွားပါလိမ့်မယ်..
ညာဘက်ထောင့်စွန်းအပေါ်မှာ
plese wait 5 seconds ဆိုတာပေါ်လာပါမယ်....
၅ စက္ကန့်စောင့်ပြီးရင်.. skip ad ဆိုတာလေးပေါ်လာပါမယ်..
အဲ့ဒါလေးကိုနှိပ်လိုက်ရင်ဒေါင်းလုဒ်ဆွဲတာအောင်မြင်ပါပြီခင်ဗျာ..

ဒီပိုစ့်လေးကိုသဘောကျနှစ်ခြိုက်ခဲ့လျှင်..
like and share လေးလုပ်ခဲ့ပေးပါခင်ဗျာ..
ဆက်လက်ကြိုးစားပါဦးမည်....

သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ အားလုံးကို credit ပေးပါတယ်..

1 comment: